လူဟာလူပါ
စည်းကလည်း ခြားပီးသား
အချစ် အလွမ်း
ဒီလူအတွက် တသက်မှာတခါဆိုတာ
သက်မှတ်ပေးခဲ့ပါလား ဘ၀ရယ်
အချစ် အလွမ်း
ဒီလူအတွက် တသက်မှာတခါဆိုတာ
သက်မှတ်ပေးခဲ့ပါလား ဘ၀ရယ်
စောင့်တယ် ထိန်းတယ်
စည်းကမ်းရယ် သိက္ခာရယ်
ဒီလူ့ရင်ကို တချက်လောက်ဝင်ကြည့်
ကံကြမ္မာရယ် ငါ့ကိုမှရက်စက်လေခြင်း
စည်းကမ်းရယ် သိက္ခာရယ်
ဒီလူ့ရင်ကို တချက်လောက်ဝင်ကြည့်
ကံကြမ္မာရယ် ငါ့ကိုမှရက်စက်လေခြင်း
သောကကို တယောက်တည်းခံစား
သံယောဉ်ဇဉ်ကို ဥပက္ခာတဲ့လူတွေ
အပြစ်တင်ရင် ဒီလူကိုရှေ့တန်းမှာထား
သိသင့်တာက ဒီလူမှာလဲနှလုံးသားနဲ့လေ
သံယောဉ်ဇဉ်ကို ဥပက္ခာတဲ့လူတွေ
အပြစ်တင်ရင် ဒီလူကိုရှေ့တန်းမှာထား
သိသင့်တာက ဒီလူမှာလဲနှလုံးသားနဲ့လေ
ဦးနှောက်နဲ့ နှလုံးသား
ခံစားတာ စတေးတာတွေဟာ
နှလုံးသားရဲ့ အစီအမံဆိုတာ
လူတွေမေ့နေစမြဲ
ခံစားတာ စတေးတာတွေဟာ
နှလုံးသားရဲ့ အစီအမံဆိုတာ
လူတွေမေ့နေစမြဲ
ဈေးတွက်ပဲတွက်ကြေးဆို
လောကရဲ့အလှ ဘယ်နားမှာရှာမလဲ
အဖြစ်နဲ့အပြစ် ရောမချပါနဲ့
လူ့လောကရယ်
လောကရဲ့အလှ ဘယ်နားမှာရှာမလဲ
အဖြစ်နဲ့အပြစ် ရောမချပါနဲ့
လူ့လောကရယ်
ဂုဏ်ယူစွာ ရှက်လိုက်ပါ..
ဒုက္ခဆိုတာ… ဝေဒနာတခု
မျှဝေခံစားရင်…၀ဋ်ကြွေးတခုခုပေါ့
ဝေဖန်ရင်တော့… အရပ်ရဲ့မေတ္တာခံပေါ့
မျှဝေခံစားရင်…၀ဋ်ကြွေးတခုခုပေါ့
ဝေဖန်ရင်တော့… အရပ်ရဲ့မေတ္တာခံပေါ့
ခံစားတယ်… နှလုံးသားရဲ့တောင့်တမှုတွေ
ဘ၀ဆိုတာ… တိုက်ပွဲတဲ့
လိုက်ပွဲတောင်မရှိတဲ့ဘ-ဝ
ဘာကိုများ..ခံစား..
ဘ၀ဆိုတာ… တိုက်ပွဲတဲ့
လိုက်ပွဲတောင်မရှိတဲ့ဘ-ဝ
ဘာကိုများ..ခံစား..
ပြောကြပါစေ..
အာပုပ်စော်နံလဲ
အပင်မြင့်လေ လေတိုက်လေဆိုတာနဲ့
ဂုဏ်ယူစွာ…ရှက်နေလေရဲ့…
အာပုပ်စော်နံလဲ
အပင်မြင့်လေ လေတိုက်လေဆိုတာနဲ့
ဂုဏ်ယူစွာ…ရှက်နေလေရဲ့…
U Love Me.
ဒီလိုပဲအူလည်လည်
ယောင်ချာချာနဲ့ငါ
လွမ်းတယ်လို့အမည်တပ်ပီး
အရက်ပဲသောက်နေရတယ်
စိတ်ညစ်တာနဲ့ပျော်တာ
ဘာမဆိုအတူတူခံစားတဲ့
အဖော်မွန်ဆိုတဲ့ချစ်သူတယောက်
မက်မက်မောမော တောင့်တမိတယ်
ခွင့်လွှတ်ပါလို့တော့
တခါတည်းတောင်းပန်ပြစေ
ငါ့ဘ၀ထဲဝင်ရင်
ငါ့ဒုက္ခကို တ၀က်စီခံရမှာ
အတ္တကြီးတဲ့ငါ့ကို ချစ်လိုက်ပါလို့
ငါကတော့ တမ်းတနေဆဲ
ကံတရားတစ်ခု
အချစ်
အရမ်းချစ်တယ်
အထပ်ထပ်အခါခါ
ကြားယောင်နေလဲ
ဒီချစ်ခြင်းတရား
ငါ..ဘယ်လိုယုံစားရ..
သိပ်ချစ်လွန်းရင်
ရူးအောင်ခံစားရမယ်
ဒါကိုငါကြိုသိတယ်
ဒါပေမယ့်ငါလေ
အရမ်းချစ်ခဲ့ပြန်မိ
ဝမ်းနဲမူတခု
နေစဉ်အဖော်ပြုရင်း
တရားခံတယောက်
ကြိုးမိန့်စောင့်သလိုမျိုး
မင်းအမျိုးမျိုးကျိန်ဆိုပါစေ
ငါ့အချစ် ငါ့မေတ္တာ
ချစ်ခြင်းတရားနဲ့
ကစားနေတယ်လို့ထင်ပါစေ
နောက်ဆုံးတော့ငါလေ
ချစ်ခြင်းတရားရဲ့ကျိန်စာကြားမှာ
နောက်ဆုံးထွက်သက်ထိ
နစ်မြောနေရမယ်သူ..
ချစ်ဖူးသူကို ကျေးဇူးတင်ခြင်း
ဆို့နင့်ကြေကွဲ
တင်းကြပ် လွမ်းမော
ဝမ်းနည်း တမ်းတ
ကာလတခု
မင်းလေးနှစ်သိမ့်ခဲ့ဘူးတယ်
ဒါပေမယ့်..ဒီနေ့
ငါ့အနားက..ထွက်ပြေးပီ
အရာအားလုံးဆုံးရှုံး
တိတ်ဆိတ်တဲ့ငါ့အနားမှာ
သဘာဝတရားတွေ
အရင်ကထက်
အထီးကျန်နေပီ..
ချစ်သူရယ်.. မလာပါနဲ့လို့ မတားနိုင်သလို
မပြန်ဖို့လဲ.. ကိုယ်မတားနိုင်ဘူး
ကျေးဇူးတော့ အမြဲတင်နေမှာပါ….
ရင်ထဲကချစ်သူ
ချစ်သူ
မင်းပုံလေးတွေမြင်နေရတယ်
ကြည့်ရင်းနဲ့ ရင်မှာ ချစ်စိတ်တွေတိုးပွား
နတ်သမီးလေးလို့မှတ်ထင်
ကြင်နာချင်တယ်တသက်လုံး
ပတ္တမြားရောင်နုတ်ခမ်း
၃ရက်လလို မျက်ခုံးလေးနဲ့
ပုလဲလိုဝင်းတဲ့
သွားထပ်လေးတွေ
ချစ်စရာ့အသံလေး ကြားရပြန်လဲ
ညီမလေးတရောက် အသည်းထဲမှာကောက်ရသလို
အို..
ချစ်သူရယ်
ဘာကြောင့်များအထပ်ထပ်
ရစ်ပတ်နိုင်လွန်း
ယုံကြည်ဖို့ပြောချင်တယ်
တသက်လုံးစာချစ်ဖို့
ကိုယ်ရဲ့အချစ်တွေ ပြည့်နေပီ
ချစ်သူရယ်
တသက်လုံးပဲချစ်ပြစေတော့
မိုးနတ်မင်းလဲမကူချင်နေ
သိကြားမင်းပစ်ထားလဲ
ချစ်မိတဲ့ချစ်သူတယောက်
ဘယ်လောက်ပဲဝေးဝေး
ထာဝရပဲချစ်ပြစေတော့
နှစ်သိမ့်ခြင်း
မြင်နေပါတယ်
ဘယ်လိုပဲကွယ်ဝှက်ထားလဲ
သံယောဇဉ်အပြည့်နဲ့
မျက်ဝန်းလေးတွေ
ပြောခွင့်ရှိတာ သူများအကြောင်း
မြိုသိပ်ထားတဲ့ချစ်စိတ်တွေ
ဘယ်အချိန်မှာပျောက်ကွယ်
စိုးရိမ်မိသေးတယ်
ရင်းနှီးဘူးတဲ့သက်ပြင်းတချက်
ဒီတသက်မေ့နိုင်မယ်မထင်
စည်းကြားထဲက သံယောဇဉ်ရယ်
အော်ပီးသာပြောချင်ရဲ့
အရမ်းချစ်တယ်လို့…….
စိတ်နာတယ်
စိတ်နာတယ်
ချစ်တယ်ဆိုတဲ့လူတွေရယ်
အရမ်းပဲချစ်တယ်တဲ့
တချက်လေးရင်ထဲ
ဝင်ကြည့်ပေးလှည့်ပါလား…..
လူတယောက်ပါ
ခံစားချက်လဲ မများပါဘူး
အပျော်မက်တယ်ဆိုပေမယ့်
ဒီလူဘယ်လိုလူဆိုတာတော့
ရင်းနှီးပီးသားလေ
ငါတော်တော်ဆိုးနေတဲ့
တချက်တချက် ငါအချစ်ငက်နေတာ
ဘာလို့မသိတာလဲ
တကယ်ချစ်တယ်ဆို
ဘယ်သူ့ကိုချစ်နေတာလဲ
ငါ့ကိုချစ်တယ်ဆိုတာ
ကိုယ့်ကိုကိုယ်ချစ်နေတာလို့ပဲ
မှတ်ထားပီးနေပါ့မယ်
ငါ့အသည်းတွေကွဲကြေလဲ
ငါ့ဝဋ်ကြွေးလို့ပဲ မှတ်ပါတော့မယ်……
နှလုံးသားရဲ့အယူခံ
မြတ်နိုးမှုအပြည့်နဲ့
နူးညံ့တဲ့နုတ်ခမ်းလေးတွေ
သာယာတဲ့စကားသံတွေ
ချစ်သူ့လက်ကိုဆွဲပီး
လျှောက်သွားချင်တယ်
တခါတလေရင်ခွင်ထဲထွေးပွေ့ချင်ရဲ့
ရှင်းလို့မပီးနိုင်တဲ့
ဒုက္ခတွေကြားထဲမှာ
ကတိတွေ သိက္ခာတွေအတွက်
ဘ၀နဲ့နှလုံးသားလဲလှယ်နေရတာ
ချစ်သူရယ်.. ကြိုက်သလိုသာ
ဒဏ်ခက်လိုက်ပါ…
လွမ်းချင်း
မြောက်ပြန်လေအေးနဲ့
ဖောက်ပြန်တဲ့ဒီမိုးကြား
ကသောင်းကနင်းနဲ့ အလုပ်တွေရယ်
ချစ်သူကိုလွမ်းဖို့တောင်မအား
စိတ်နာတဲ့စာနာစိတ်
အရမ်းလွမ်းတယ်တဲ့
အခုငါခံစားနေရတာမျိုးလား
ထားရက်လိုက်တာ
နေနိုင်လိုက်တာတဲ့
အခုငါခံစားနေရတာမျိုးလား
ထားရက်လိုက်တာ
နေနိုင်လိုက်တာတဲ့
အခုနေသလိုမျိုးလား
ငိုချင်တယ်လို့ပြောတာ
ငါ့လိုပဲ ဆို့နင့်နေတဲ့အချိန်လား
ဟုတ်တယ်
တမင်မေ့ထားတာလားလို့
ငါအခုတယောက်တည်း
ပြန်မေးနေတယ်
ငိုချင်တယ်လို့ပြောတာ
ငါ့လိုပဲ ဆို့နင့်နေတဲ့အချိန်လား
ဟုတ်တယ်
တမင်မေ့ထားတာလားလို့
ငါအခုတယောက်တည်း
ပြန်မေးနေတယ်
ဆရာ
ဆရာ
အသိပညာတွေသင်ပေး ဆုံးမစကားတွေ
အဘက်ဘက်မှာစွယ်စုံ လူပုံလယ်မှာတင့်တယ်ဖို့
အမှားဆိုတာ အမှန်ဆိုတာ ဆရာ့ရဲ့ဘ၀ထက်မက
နည်းကောင်းတွေတက်စွမ်းသမျှ ညွှန်ပြခဲ့တဲ့ဆရာ…
အသိပညာတွေသင်ပေး ဆုံးမစကားတွေ
အဘက်ဘက်မှာစွယ်စုံ လူပုံလယ်မှာတင့်တယ်ဖို့
အမှားဆိုတာ အမှန်ဆိုတာ ဆရာ့ရဲ့ဘ၀ထက်မက
နည်းကောင်းတွေတက်စွမ်းသမျှ ညွှန်ပြခဲ့တဲ့ဆရာ…
ဆရာ
အတက်ပညာတွေသင်ပေး အိုက်ဒီတွေဝေဖြိုး
သားသမီးတမျှ စွမ်းသမျှကို ဆန်းသစ်တဲ့မြော်မြင်နဲ့
တက်စေချင်သိစေချင်နဲ့ ပီပြင်တဲ့ဘ၀တခုကို
ဆရာတွန်းပို့ပေးခဲ့တယ်
အတက်ပညာတွေသင်ပေး အိုက်ဒီတွေဝေဖြိုး
သားသမီးတမျှ စွမ်းသမျှကို ဆန်းသစ်တဲ့မြော်မြင်နဲ့
တက်စေချင်သိစေချင်နဲ့ ပီပြင်တဲ့ဘ၀တခုကို
ဆရာတွန်းပို့ပေးခဲ့တယ်
ဆရာ
ဘုရားတရားသံဃာ မိဘနဲ့တဂိုဏ်းတဲ
ငယ်စဉ်ကတည်းက လေးစားခဲ့ပေမယ့်
အခုဆိုသမီးရဲ့စိတ်နှလုံးမှာ ပိုလေးနက်လာခဲ့ပြီ
အသိအတက် အမှားနဲ့အမှန်ကို ကိုယ်အတ္တတွေချန်ပီး
ဆရာဆိုတဲ့ဂုဏ်ပုဒ်ကြားမှာ ဘ၀ဆိုတာဘယ်လောက်မောမော
တပည့်တွေအတွက် ပေးဆပ်ခဲ့တာတွေ
ဘုရားတရားသံဃာ မိဘနဲ့တဂိုဏ်းတဲ
ငယ်စဉ်ကတည်းက လေးစားခဲ့ပေမယ့်
အခုဆိုသမီးရဲ့စိတ်နှလုံးမှာ ပိုလေးနက်လာခဲ့ပြီ
အသိအတက် အမှားနဲ့အမှန်ကို ကိုယ်အတ္တတွေချန်ပီး
ဆရာဆိုတဲ့ဂုဏ်ပုဒ်ကြားမှာ ဘ၀ဆိုတာဘယ်လောက်မောမော
တပည့်တွေအတွက် ပေးဆပ်ခဲ့တာတွေ
အခုဆိုသမီးလဲ ဆရာကောင်းတပည့်ပန်းကောင်းပန်
ဆရာတို့ရဲ့စေတနာမှန်တွေနဲ့ တပည့်ပေါင်းစုံကို
ပညာတွေပြန်ပေးဆပ်ဖို့ ဆရာတို့ရဲ့မာန်
နိုင့်ငံ့ရဲ့အနာဂတ်..တို့လက်ထက်တို့တာဝန်
ကျေပွန်ပါ့စေ့မယ့်..လို့. ဆရာကိုကန့်တော့ရင်း
ကတိပြုပါတယ်..
ဆရာတို့ရဲ့စေတနာမှန်တွေနဲ့ တပည့်ပေါင်းစုံကို
ပညာတွေပြန်ပေးဆပ်ဖို့ ဆရာတို့ရဲ့မာန်
နိုင့်ငံ့ရဲ့အနာဂတ်..တို့လက်ထက်တို့တာဝန်
ကျေပွန်ပါ့စေ့မယ့်..လို့. ဆရာကိုကန့်တော့ရင်း
ကတိပြုပါတယ်..
မြား
သူခွင်းတဲ့မြှားအစင်းစင်း
ငါ့ရင်ဘက်မှာစိုက်ဝင်လို့
အသက်ရူရပ်မတက်ခံစားနေရတယ်
ငါချိန်ပစ်တဲ့
မြှားတစင်းကျတော့
သူ့ခြေရင်းမှာစင်းစင်းကျလို့၇ယ်
ရှင်ကျင့်ဝတ် နိဂွုံးလင်္ကာ
ဒို့မြေဌာနီ ရှေးခါဆီဝယ်
မထေရ်အပေါင်း စံရာကျောင်းမှ
ငြိမ့်ညောင်းသာယာ မိန်အာဏာတို့
ရပ်ရွှာလူများ လွန်လေးစားခဲ့
ခုကားသို့နှယ် မဟုတ်ကွယ်၍
နယ်ပယ်စီးပွား သားသမီးတို့
ဘုန်းကြီးကျောင်းတွင် စာမသင်တော့
မထေရ်အပေါင်း စံရာကျောင်းမှ
ငြိမ့်ညောင်းသာယာ မိန်အာဏာတို့
ရပ်ရွှာလူများ လွန်လေးစားခဲ့
ခုကားသို့နှယ် မဟုတ်ကွယ်၍
နယ်ပယ်စီးပွား သားသမီးတို့
ဘုန်းကြီးကျောင်းတွင် စာမသင်တော့
ထို့ပြင်မြို့နေ ကလေးတွေက
ဒို့မေဘာသာ ဒို့မေစာကို
သင်ရာကောင်းမျှ မထင်ကြပဲ
ပြင်ကလာပေး စာပထွေးကို
အလေးဂရု အရေးပြု၏ ယခုလိုသာ
နှစ်ပေါင်းကြာလျှင် မြန်မာပြည်ဖွား
တိုင်းရင်းသားတို့ ဘုရားကိုစွန့်
တရားစွန့်၍ စွန့်လိမ့်မှန်စွာ
မြတ်သံဃာတည်း ထိုခါလူများ
ကိုယ်ကျင့်အားဖြင့် တရားမပါ
အမှားစာကြောင့် များစွာခုထက်
တိုး၍ျပျက်လိမ့်။။။
ဒို့မေဘာသာ ဒို့မေစာကို
သင်ရာကောင်းမျှ မထင်ကြပဲ
ပြင်ကလာပေး စာပထွေးကို
အလေးဂရု အရေးပြု၏ ယခုလိုသာ
နှစ်ပေါင်းကြာလျှင် မြန်မာပြည်ဖွား
တိုင်းရင်းသားတို့ ဘုရားကိုစွန့်
တရားစွန့်၍ စွန့်လိမ့်မှန်စွာ
မြတ်သံဃာတည်း ထိုခါလူများ
ကိုယ်ကျင့်အားဖြင့် တရားမပါ
အမှားစာကြောင့် များစွာခုထက်
တိုး၍ျပျက်လိမ့်။။။
သို့တွက်များပြား ဘုန်းဘုရားတို့
တရားကိုယ်ကျင့် လုံအောင်ကျင့်၍
မလင့်စေရ ကိုယ့်ဒေသ၌
သိပ္ပ ၀ိဇ္ဇာ ပြသင့်ရာကို
ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ
ဘုန်းလှိုင်ဟောပြ သြ၀ါဒကို
စိတ်ကကြည်ဖြူ လိုက်နာယူ၍
ကိုယ်မူနှုတ်ပြောင်း စိတ်လည်းကောင့်လိမ့်..
တရားကိုယ်ကျင့် လုံအောင်ကျင့်၍
မလင့်စေရ ကိုယ့်ဒေသ၌
သိပ္ပ ၀ိဇ္ဇာ ပြသင့်ရာကို
ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ
ဘုန်းလှိုင်ဟောပြ သြ၀ါဒကို
စိတ်ကကြည်ဖြူ လိုက်နာယူ၍
ကိုယ်မူနှုတ်ပြောင်း စိတ်လည်းကောင့်လိမ့်..
. အကောင်းမကောင်း အကြောင်းကြောင်းကို
သောင်းပြောင်းကုန်စင် အစုံမြင်၍
ထေရ်ရှင်ရှေ့သွား ဘုန်းအများ၏
တရားစဉ်နှင့် အဆင်သင့်သား
ရှင့်ကျင့်ဝတ်ခေါ် ရှေးစာတော်ကို
ခေတ်ပေါ်လှစ်ဆင့် စုံအောင်ဖွင့်သည်
အမျိုး သာသနာ တည်ကြောင်းတည်း။
သောင်းပြောင်းကုန်စင် အစုံမြင်၍
ထေရ်ရှင်ရှေ့သွား ဘုန်းအများ၏
တရားစဉ်နှင့် အဆင်သင့်သား
ရှင့်ကျင့်ဝတ်ခေါ် ရှေးစာတော်ကို
ခေတ်ပေါ်လှစ်ဆင့် စုံအောင်ဖွင့်သည်
အမျိုး သာသနာ တည်ကြောင်းတည်း။
အပြောင်းအလဲ
နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်.
သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်.
ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်.
ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်.
ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…
ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘ၀ဆိုတာ… ဒါပဲ ခင်…
မောင်စိန်ဝင်း (ပုတီးကုန်း)
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်.
သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်.
ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်.
ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်.
ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…
ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘ၀ဆိုတာ… ဒါပဲ ခင်…
မောင်စိန်ဝင်း (ပုတီးကုန်း)
အချစ်ဆိုတာ
ဓားသွားပေါ်က ပျားရည်တစ်စက်တဲ့
တောက်..........
ပျားရည်တွေ ဘယ်သူအကုန်ရက်သွားတယ်မသိဘူး
ငါ့အလှည့်ကျမှ ဓားသွားမြေ့မြေ့ ဘဲကျန်ခဲ့တယ်.....








