Monday, May 31, 2010

Add/Remove Programs ကို registryတွင်ပိတ်ခြင်း

ကွန်ပျူတာအသုံးပြုသူများမှ Software များကို အလွယ်တကူ ဖြုတ်ချခြင်း မပြုလုပ်နိုင်စေရန် အတွက် add/remove programs ကို registry တွင် ၀င်ရောက်ပြီး ပိတ်ထားနိုင်ပါသည်။ လုပ်နည်းလေးကတော့-1. Start-->Run-->regedit ရိုက်ပြီး Enter ခေါက်ပါ။

2. HKEY-CURRENT-USER\Software\Microsoft\Windows\CurrentVersion\Policies သို့သွားပါ။

3. ၄င်း polices ၏ ညာဘက် panel တွင် Right Click လုပ်ပြီး new-->key ကို click လုပ်ပါ။

4. "New Key # 1" ပေါ်လာလျှင် ၄င်းကို Uninstall ဟု ပြင်ဆင်ပါ။

5. ၄င်း Uninstall ၏ ညာဘက် panel တွင် Right Click လုပ်ပြီး new-->DWORD ကို click လုပ်ပါ။6. "New Value # 1" ပေါ်လာလျှင် ၄င်းကို NoAddRemovePrograms ဟု ပြင်ဆင်ပြီး Enter ခေါက်ပါ။7. Value data တွင် 1 ထည့်ပါ။ အထက်ပါ အတိုင်းပြုလုပ်ပြီးပါက ကွန်ပျူတာအား restart လုပ်ပါ။
ok ပါစေ.........

Add Printers ကို registryတွင်ပိတ်ခြင်း

Add Printers ကို registryတွင်ပိတ်ခြင်း Print Server သို့မဟုတ် Network Printer အသုံးပြုထားသော ကွန်ပျူတာများကို မလိုအပ်ဘဲ Printer Install မပြုလုပ်နိုင်အောင် registry တွင် ပိတ်ထားနိုင်ပါသည်။ လုပ်နည်းလေးကတော့-
1. Start-->Run-->regedit ရိုက်ပြီး Enter ခေါက်ပါ။
2. HKEY-CURRENT-USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer သို့သွားပါ။
3. ၄င်း Explorer ၏ ညာဘက် panel တွင် Right Click လုပ်ပြီး new-->DWORD ကို click လုပ်ပါ။4. "New Value # 1" ပေါ်လာလျှင် ၄င်းကို NoAddPrinter ဟု ပြင်ဆင်ပြီး Enter ခေါက်ပါ။
5. Value data တွင် 1 ထည့်ပါ။ အထက်ပါ အတိုင်းပြုလုပ်ပြီးပါက ကွန်ပျူတာအား restart လုပ်ပါ။Printer Install ပိတ်ထားချင်သူများ ok ပါစေ.........

IP အလွယ်ကြည့်နည်း

Batch file အမျိုးအစားလေးပါ။ ဒီဖိုင်ကို run လိုက်ရင် ကိုယ့်ကွန်ပျူတာရဲ့ IP,Subnet,Gateway, MAC , DNS , Server တွေရဲ့ Address ကိုမြင်နိုင်တဲ့အပြင် ကွန်ပျူတာရဲ့ Network Adaptor ကောင်းမကောင်းကိုပါ တစ်ခါတည်း စစ်ပေးအုံးမှာ ဖြစ်ပါတယ်။ အောက်ကစာသားကို Notepad ထဲကိုကူးထည့်ပါ C:\windows ဖိုလ်ဒါ အောက်မှာ ဖိုင်နာမည် IP.Bat ရိုက်သိမ်းပါ။
@echo.@echo IP For Technology Pass Computer.
@echo By: Myosoethu
@ipconfig/all find "IP Address"
@ipconfig/all find "Subnet Mask"
@ipconfig/all find "Default Gateway"
@ipconfig/all find "Host Name"
@ipconfig/all find "DNS Suffix Search List"
@ipconfig/all find "Physical Address"
@ipconfig/all find "DHCP Enabled"
@ipconfig/all find "DHCP Server"
@ping 127.0.0.1@echo.@pauseပြီးလျှင် run box ကိုဖွင့်ပြီး ip ရိုက် Enter ခေါက်လိုက်ရင် အဆင်ပြေပါပြီ။

Clear Memory

ကွန်ပျူတာသုံးသူတွေ အတွက် လွယ်ကူ မြန်ဆန်တဲ့ နည်းလေးတစ်ခု မျှဝေပေးချင် ပါတယ်။ မိမိကွန်ပျူတာ memory ညှစ်ပတ်နေမယ်ထင်ရင် memory သန့်ရှင်းအောင် လုပ်နည်းလေးပါ။ လုပ်ဆောင်နည်းကတော့-
၁. Desktop ပေါ်မှာ Right-click နှိပ်ပြီး New-Shortcut ကိုထပ်နှိပ်ပါ၊
၂. Type the location of the item လို့ရေးထားတဲ့ နေရာမှာ အောက်က စာကြောင်းတွေကို ကူးထည့်လိုက်ပါ၊%windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks
၃.Next ထပ်နှိပ်ပါ၊
၎.Type a name for this shortcut: နေရာမှာ Clear Memory ဆိုပြီးရေးထည့်လိုက်ပါ၊
၅. Finish ကိုနှိပ်လိုက်ပါ။ ဒီလောက်ပါပဲ။ကွန်ပျူတာသိသိသာသာ မြန်ဆန်လာလိမ့်မယ်။ အားလုံးအဆင်ပြေနိုင်ကြပါစေ။

Secondary IDE Hard Drive တပ်ဆင်ခြင်း

Destop Computer တွင် Secondary IDE Hard Drive တပ်ဆင်ခြင်းကို အဆင့်လိုက် လမ်းညွှန်ပေးထားပြီး PhysicalInstall ပြုလုပ်ခြင်းနှင့် Computer System မှ Secondary IDE Hard Drive ကို သိရှိစေရန်နှင့် Motherboard မှတပ်ဆင်ချိတ်ဆက်ပြုလုပ်နိုင်ရန် BIOS အတွင်းသို့ Parameter များ ပြင်ဆင်ပြောင်းလဲခြင်းကို ပြုလုပ်ပေးရမည် ဖြစ်ပါသည်။၁. Power ပိတ်ပြီး တပ်ဆင်မှုပြုလုပ်ခြင်း မည်သည် computer system တွင်မဆို ကွန်ပျူတာ၏ အတွင်းပိုင်းရှိ အစိတ်အပိုင်းများကို ပြုပြင်ခြင်း၊ လဲလှယ်ခြင်း၊တပ်ဆင်ခြင်း လုပ်ငန်းများ မပြုလုပ်မီ အချိန်တွင် computer system ကို shutdown ပြုလုပ်ပြီး power ကို ပိတ်ပေးရမည်ဖြစ်သည်။ သို့မှသာ အတွင်းဘက်ရှိ အစိတ်အပိုင်းများအား လဲလှယ်တပ်ဆင်ခြင်းကို သေချာစွာပြုလုပ်ပေးနိုင်မည်ဖြစ်သည်။System ကို shutdown လုပ်ပြီး power ပိတ်ပြီးပါက power supply အနောက်ဘက်ရှိ AC power ကြိုကို ဖြုတ်ပေးပါ။
၂. Computer Case ဖွင့်ခြင်း Computer Case ဖွင့်သည့်အခါ Computer Case ပုံစံကို အရင်ဆုံး စစ်ဆေးပြီးမှ ဖွင့်ပါ။
၃. လက်ရှိအသုံးပြုနေသည့် Hard drive ၏ cable ကြိုးများ ဖြုတ်ပေးခြင်း ယခု အဆင့်တွင် Secondary Hard Drive ကို computer system သို့ လွယ်ကူစွာထည့်သွင်းပေးနိုင်ရန် လက်ရှိ Primary Hard Drive မှ power cable ကြိုးများနှင့် IDE cable ကြိုးများကို ဖြုတ်ပေးရန် လိုအပ်မည် ဖြစ်သည်။
၎. Drive Mode Jumper သတ်မှတ်ခြင်း Hard Drive ကို Master Drive နှင့် Slave drive သတ်မှတ်ပေးနိုင်ရန် Jumper ပြုလုပ်ပေးရမည်ဖြစ်သည်။ လက်ရှိအသုံးပြုနေသည့် Primary Hard drive ကို Master drive သတ်မှတ်ပြီး နောက်ထပ် ပေါင်းထည့်မည့် Secondary Hard Drive ကိုSlave drive သတ်မှတ်ပါ။
၅. Computer case အတွင်းသို့ Hard drive ထည့်သွင်းတပ်ဆင်ပါ။
၆ .IDE Hard Drive Cable တပ်ဆင်ခြင်း မူလ Primary Hard Drive နှင့် Secondary Hard Drive နှစ်မျိုးလုံးရှိ RIbbon cable များမှ IDE cable များကို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ Motherboard မှ connector cable မှာ တခါတရံတွင် black (အနက်ရောင်) ကို အသုံးပြုထားပြီး မူလ Primary Hard Drive တွင် တပ်ဆင်ပေးရမည်ဖြစ်သည်။ Cable အများစုတွင် drive connector ရှိ ဦးတည်ရာ(direction) သတ်မှတ်ရန် key များ ပါရှိမည်ဖြစ်သည်။ တကယ်လို့ key သတ်မှတ်ပေးထားခြင်းမရှိပါက IDE cable တွင် အနီလိုင်းစင်းများဖြင့် သတ်မှတ်ပေးထားပြီး drive ၏ pin 1 ကို ဦးတည်သတ်မှတ်ပေးထားခြင်းဖြစ်သည်။ Power connector များကို drive တွင်တပ်ဆင်ပေးသည့်အခါ ကွန်ပျူတာအတွင်းရှိ ဘယ်ဘက်မှ တပ်ဆင်ပေးနိုင်မည်ဖြစ်သည်။ Hard Driveတစ်ခုစီအတွက် power connector တပ်ဆင်ပေးရန် 4 pin Molex ရှိရမည်ဖြစ်သည်။Power supply တစ်ခုကို free ပေးထားပြီးကျန်ရှိသည့် power supply တစ်ခုကို Primary Hard Drive တွင်တပ်ဆင်ပေးရမည်ဖြစ်သည်။
၇. Computer system မှ New Hard Drive ကို သိရှိစေရန်သတ်မှတ်ပေးခြင်း Hard drive ထည့်သွင်း တပ်ဆင်ပြီးပါက computer case အနောက်ဘက်ရှိ AC power ကြိုး (cord) ကို ပြန်တပ်ဆင်ပေးပြီး computer systemကို ပြန်ဖွင့်ပါ။ နောက်ထပ်ထည့်သွင်းပေးသည့် Secondary Hard Drive ကို computer system နှင့် motherboard မှ သိရှိပြီး အလုပ်လုပ်ပေးနိုင်ရန် BIOS အတွင်းသို့ လိုအပ်သည့် parameters များကို ပြောင်းလဲသတ်မှတ်ပေးရမည် ဖြစ်သည်။ OS နှင့် အသုံးပြုရနိုင်စေရန် drive ကို အသုံးမပြုမီအချိန်တွင် format ချပေးရန်လိုအပ်ပါသည်။

All Cobra Driver Pack 2010 for XP - Vista - Windows7


ကိုညီနေမင်းဆို အားလုံးလိုလိုသိကြမှာပါ
မသိသေးရင် သူဆီမှာ တင်ထားတဲ့ post အသစ်လေးကို ကြိုက်လို့ ညွှန်းလိုက်ပါတယ်
ဒီကနေသွားရင်ရောက်ပါတယ်

Windows XP မှာ start နဲ့ shutdown မြန်အောင်လုပ်နည်း...

XP မှာ start နှင့် shutdown မြန်အောင်လုပ်နည်းလေးပါ..။
XP အသုံးပြုသူတွေ အတွက် အသုံးဝင်မယ်ထင်လို့ ဒီပိုစ့်လေးကို တင်လိုက်တာပါ…။
အရင်ဆုံး start မြန်အောင်လုပ်နည်းကို ဆွေးနွေးပါ့မယ်….။
ထုံးစံအတိုင်း start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့်ပြီး ok ပေးလိုက်ပါ.။
ပေါ်လာတဲ့ Register Editor Box မှာ အောက်မှာရေးးထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ...။
HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Control >> Session Manager >>
Memory Management >> Prefetchparameters ဆိုတာကို double click ပေးလိုက်ပါ..။
ဘေးက Box ထဲမှာ EnablePrefetcher ဆိုတာကိုလိုက်ရှာပြီး right click >> Modify >> Value data မှာ 3 နေရာမှာ 5 လို့ပြောင်းပြီး ok ပေးလိုက်ပါ ..။
ဒါဆိုရင် start မြန်အောင် လုပ်နည်းပြီးပါပြီ...။
နောက်တစ်ခု Shutdown မြန်အောင်လုပ်နည်းကို ဆွေးနွေးပါမယ်.. ။
အရင်ဆုံး အပေါ်က အတိုင်းပဲ start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့် ok ပေးပြီး
အောက်မှာ ရေးထားတဲ့ အတိုင်း အစဉ်လိုက်လုပ်ကြည့်ပါ...။
HKEY_CURRENT_USER>> Control Panel >> Desktop ထိရောက်အောင်သွားပါ..
ဘေးက Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value data မှာ 1 ပြောင်းပေးလိုက်
HungAppTimeout နဲ့ WaitToKillAppTimeout နှစ်ခုလုံးကို 1000 လို့ပြောင်းပေးလိုက်ပါ..။
အရမ်းကြီးမြန်ချင်တယ်ဆိုရင်တော့ ကိုယ်စိတ်ကြိုက် ပြောင်းကြည့်ပေါ့ ကျနော်ကတော့ 1000 လို့ပဲပြောင်းထားပါတယ်..။
နှစ်ခုလုံး လုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာကို restart ချလိုက်ပါခင်ဗျာ…။
တက်တာရော ကျတာပါ..မြန်မြန်ဆန်ဆန်ဖြစ်နေတာကို တွေ့ရမှာပါ ..။

အင်တာနက်ကို၂၀%မြန်အောင်လုပ်နည်း..

စတင်လုပ်ရမှာကတော့....
1. Start Menu--->> Click Run ကိုရွေးပါ။
2. gpedit.ms c ရိုက်ပါ။
3. Enter ခေါက်ပါ။
4. ဘယ်ဘက်ခြမ်းက Computer Configuration ကို Expand လုပ်ပါ။
၅. Administrative Templates ကို Expand လုပ်ပါ။
၆. Network ကို Expand လုပ်ပါ။
၇. Qos Packet Scheduler ကိုရွေးပါ။
၈. ပြီးလျှင် ညာဘက်ခြမ်းက Limit Reservable Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ double Click နှိပ်ပါ။
၉. Limit Reservable Bandwidth Properties box မှာ Enable option ကိုရွေးပါ။
၁၀. Bandwidth Limit [%] box မှာ 0% ကို 20 % ပြောင်းပြီး ok နှိပ်ထွက်ပါ။
ဒါဆိုရင် ပိုမြန်လာပါလိမ့်မယ်..။

ဒီမှာဆိုပိုပြည့်စုံမှာပါ

Sunday, May 30, 2010

administrator Password မေ့သွားလား

Aministrator Password မေ့သွားလား

Windows XP တင်လိုက်တာနဲ့ Built-In Account ၂ ခု ပါလာတာ တော်တော်များများ လည်းသိကြမှာပါ။

၁။ Administrator နဲ့
၂။ Guest ဆိုပြီး ပါလာပါတယ်။

Administrator က Windows တစ်ခုလုံးကို ကြိုက်သလို လုပ်ပိုင်ခွင့်ရှိပါတယ်။ Full Access Permission ပေါ့။ ကြိုက်တဲ့Software တင် လို့ရတယ်။ ဖြုတ်လို့ရတယ်။ Group Policy တွေ Registry တွေ ပြင်လို့ရတယ်။ Account တွေ ထပ်ဖွင့်လို့ရတယ်။ ဖျက်ချင်တဲ့ Account တွေ ဖျက်လို့ရတယ်။ Account တွေရဲ့Password တွေ ကို Change လို့ရတယ်။
Guess ကတော့ Windows ကိုဝင်သုံးရုံသက်သက်ပါ။ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။
Administrator က ထပ်ဖွင့်တဲ့ Account တွေမှာလည်း Account Type 2 မျိုး ရှိပါတယ်။

၁။ Administrator Type နဲ့
၂။ Limited Type ပါ။

Account ထပ် ဖွင့်တဲ့အခါ Account name ပေးပြီးရင် Account Type ကို ရွေးပေးရပါမယ်။ Administrator type နဲ့ ဖွင့်လိုက်ရင် Built-In Administrator အတိုင်း လုပ်ပိုင်ခွင့်ရှိပါတယ်။ Limited type နဲ့ ဖွင့်လိုက်ရင် တော့ ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ ဖွင့်လိုက်တဲ့ account ရဲ့ Password ကို ဘဲ change ခွင့်ရှိပါတယ်။ အဲဒီတော့ Administrator ဆိုတာ အရေးကြီးပါတယ်။ Administrator Account ကို Password မပေးထားဘူးဆိုရင် ကိုယ့် Computer ရဲ့ Windows ထဲ ကို တခြားသူက အလွယ်တကူ ၀င်ရောက်ပြီး ကြိုက်သလို မွှေသွားလို့ရပါတယ်။ Registry တွေ ကလိ သွားမယ်။ ပြီးရင် password လည်း change သွားမယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ၀င်လို့ရတော့ မှာမဟုတ်ပါ။ အဲဒီတော့ Administrator Account ကို Password ပေးထားရပါတယ်။ ကိုယ်ပေးထားတဲ့ Password ကို ကိုယ် ကိုယ်တိုင် မေ့သွားခဲ့ရင် ရော၊ Windows ထဲကို ၀င်လို့ရတော့မှာ မဟုတ်သလို၊ Limited Account နဲ့ ၀င်လို့ရခဲ့ရင်လည်း ကိုယ်သုံးချင်တဲ့ Program တွေ Install လုပ်ခွင့်ရမှာမဟုတ်ပါဘူး။ အဲဒီလို Case တွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ Password Recovery CD တွေရှိတော့ရှိပါတယ်၊ ဒါပေမယ့် ၀ယ်ရတာ၊ သုံးရတာ အခက်အခဲရှိပါလိမ့်မယ်။ အလွယ်ကူဆုံး နည်းလမ်းကတော့ Windows XP CD နဲ့ Password ပြန် change တဲ့နည်းပါ။ ဒီနည်းကို သိတဲ့သူတွေ သိပ်မရှိပါဘူး။
အရင်ဆုံး XP CD နဲ့ Boot တက်လိုက်ပါ။ Boot တက် ပြီးလို့ Windows တင်မှာလား၊ Repair လုပ်မှာလားမေးတဲ့ အဆင့်ရောက်ရင် Enter ခေါက်ပြီး ဆက်သွားလိုက်ပါ။ License Agreement ကို F8 နှိပ်ပြီး Agree လုပ်လိုက်ပါ။ နောက်တစ်ခေါက် Windows တင်ပြီးသားရှိတယ်
အသစ်တင်မှာလား Repair လုပ်မှာလား ထပ်မေးရင် R ကို နှိပ်လိုက်ပါ။ လိုအပ်တဲ့ File တွေ Copy ကူးပြီး Restart ကျသွားပါမယ်။ ပြန်
တက်လာရင် ဆက် Install လုပ်နေပါလိမ့်မယ်။ ဘယ်ဘက်အောက်ခြေ က Loading ဘား တန်းအောက်မှာ Hardware Installation ဆို
တဲ့စာကိုတွေ့ရင် Shift + F10 ကိုနှိပ်လိုက်ပါ။ command prompt ပေါ်လာပါလိမ့်မယ်။ nusrmgr.cpl ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။
User Account Box ပေါ်လာရင် Administrator ကိုနှိပ်လိုက်ပါ။ ပြီးရင် Change Password ကို ထပ်နှိပ်လိုက်ပါ။ ပြီးရင်တော့ ကိုယ်ပေး
ချင်တဲ့ Password ကို ပြန်ပေးလိုက်ပါ။ အားလုံးပြီးရင် Exit နဲ့ထွက်လိုက်ပါ။ Windows Repair ကိုပြီးတဲ့အထိ ဆက်သွားလိုက်ရင် ရပါပြီ။
Windows, Program နဲ့ Data တွေ ပုံမပျက် ရှိနေပါလိမ့်မယ်။ အဲ တစ်ခုတော့ရှိတယ်ဗျ။ ကိုယ်တင်ထားတဲ့ Windows ရဲ့ Service Pack နဲ့ ကိုယ် တင်မယ့် XP CD ရဲ့ Service Pack ကတော့ တူမှရမှာနော်။ အားလုံး အဆင်ပြေပါစေ။
ဒီဆိုက်မှာလည်းကြည့်နိုင်ပါတယ်...

Saturday, May 29, 2010

How to make a claening batch file

တစ်ချိုကွန်ပျူတာတွေမှာ
.batတွေနဲ့ရေးထားတဲ့ကိုယ်မသိလိုက်တဲ့virus(antivirusကမတွေခဲ့တဲ့)အသေးစားလေးတွေရှိတတ်ပါတယ်။
အဲဒီကောင်လေးတွေကိုဖျက်ဖို့ အတွက်လဲသုံးလို့ ရပါတယ်။
ဒါ့အပြင်ဘာတွေအတွက်လဲအသုံးဝင်လဲဆိုရင်သင့်ကွန်ပျူတာရဲ့ history,tempfolder,cookies,အစရှိသည်တိုကိုလည်းဖျက်ပါတယ်။
virusတော့မဟုတ်ပါဘူး။လိုအပ်တယ်ဆိုရင်တော့ယူပြီးrunကြည့်ပါ
အောက်ကcodeတွေပါ။
ဒီcodeတွေကိုnotepadထဲထည့်ရမှာ
သိမ်းရင်တော. .cmd သို့ မဟုတ် .bat နဲ့သိမ်းလဲရပါတယ်။
ပြီးရင်တော့ပုံမှန်အတိုင်းrunလို့ရပါပြီ..

@echo off
del /s /f /q c:\windows\temp\*.*
rd /s /q c:\windows\temp
md c:\windows\temp
del /s /f /q C:\WINDOWS\Prefetch
del /s /f /q %temp%\*.*
rd /s /q %temp%
md %temp%
deltree /y c:\windows\tempor~1
deltree /y c:\windows\temp
deltree /y c:\windows\tmp
deltree /y c:\windows\ff*.tmp
deltree /y c:\windows\history
deltree /y c:\windows\cookies
deltree /y c:\windows\recent
deltree /y c:\windows\spool\printers
del c:\WIN386.SWP
cls

ကိုယ် clean လုပ်ချင်တဲ့ အချိန်မှာ စောစောကကိုယ်သိမ်းထားတဲ့ .cmd or .bat file လေးကို double click လုပ်လိုက်တာနဲ့ auto clean လုပ်ပြီးသားဖြစ်သွားပါပြီ...

ကိုယ်ဆောက်ထားတဲ့ အရေးကြီးတဲ့ ဖိုဒါကို အခြားလူ ဖွင့်ကြည့်လို.မရ၊ Delete လုပ်လို.မရ အောင်

ပထမဦးဆုံး ကိုယ်လုပ်မယ့် ဖိုဒါက NTFS နဲ.ပိုင်းထားတဲ့ Partation ပေါ်မှာရှိရပါမယ်။ ပြီးရင် My Computer ကိုဖွင့်။ Menu Bar က View Tab ကို ၀င်ပါ။ ဟိုးအောက်ဆုံးစာကြောင်း Use sinple file sharing ( Recommended ) ဆိုတဲ့ ချက်ဘောက်လေးကို အမှန်ခြစ် ဖြုတ်ပေးထားရပါမယ်။ ပြီးရင် OK နဲ.ထွက်။ ကဲစမယ် ကိုယ်ရဲ့အရေးကြီးတဲ့ ဖိုဒါပေါ်မှာ ညာဘက်ကလစ်နှိပ် ။ Sharing and Security ဆိုတာကိုဝင်။ Security ဆိုတဲ့ Tab မှာ Advance ကို ကလစ်နှိပ်။ ပြီးရင် အောက်နားက Inherit from parent the permission entries that apply to child objects. Include these with explicitly defined here ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးရပါမယ်။ ပြီးရင် Remove လို.ပြော။ Apply ၊ OK ၊ OK ပေါ့။ ဒါဆို ကိုလုပ်ထားတဲ့ ဖိုဒါကို ဘယ်သူမှ ဖွင့်လို.လဲရမှာ မဟုတ်သလို Delete လဲလုပ်လို.ရမှာ မဟုတ်တော့ပါဘူး။
ကိုက ပြန်ဖွင့်ချင်တယ် ဆိုရင်တော့ အဲဒီဖိုဒါပေါ်မှာ ညာဘက်ကလစ်ပြန်နှိပ် sharing and security ကိုဝင် ပြီးရင် Owner ဆိုတဲ့ Tab ကို သွားပါ။ Administrator ပေါ်မှာ select မှက်ပြီး Reblace owner in subcontainers and objects ဆိုတဲ့ စာကြောင်းမှာ အမှန်ခြစ်လေး ပြန်ထည့်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင်တော့ ပြန်ဝင်လို.ရပါပြီ။

administrator စကားဝှက် ပျောက်ရင်(သို့)မေ့ရင်လုပ်တဲ့ method

Windows XP မှာ administrator စကားဝှက် ပျောက်ရင် recovery လုပ်ဖို့ ပါ
Windows XP မှာadministrator စကားဝှက် ပျောက်ခဲ့ရင်(သို့)မေ့ခဲ့မယ်ဆိုရင် ဒီအချက်(၅)ခုနဲ့ လုပ်ကြည့်ပါ…very important---ဒီကောင်ကို လုပ်မယ်ဆိုရင် user account စကားဝှက် ကို သိထားဖို့ လိုပါတယ်။(၂)ခုလုံးမေ့နေတယ်ဆိုရင်တော့ဝမ်းနည်းစရာပဲ။ကျွန်တော်လဲလုပ်မပေးနိုင်ပါဘူး။
(၁) log in ၀င်ဖို့ စကားဝှက် မေ့နေတယ်(administrator and user account)ဒါဆို ရင် windowsကိုrestartပြန်လုပ်ပါ။windowsပြန်တက်လာတဲ့ အခါကျရင် F8ကိုနှိပ်ပါ။
(၂)ပြီးရင် safe mode နဲ့ ဝင်ပါ။safe mode မှာ user account ရှိရင် user account နဲ့ ဝင်ပါ။မရှိရင်တော့ ok ပေါ့။administrator နဲ့ ဝင်လို့ မရပါဘူးကိုယ်ကadministrator စကားဝှက် မေ့နေတာလေ။ပြန်ဖော်မှာ ပေါ့။
(၃)အဲဒီမှာ safe mode screen တက်လာပါလိမ့်မယ်။start ကနေ run command box (windows key+R)ကို ဖွင့်ပါ။ပြီးရင်ကျွန်တော်တို့ စာလေးတစ်ကြောင်းရိုက်ပေးရပါမယ်။ဒါလေးကို box မှာ ရိုက်ပါ”control user password s2” လို့ ရိုက်ပါ။အဲဒီမှာ စကားဝှက် change ဖို့ နောက်ထပ်box လေးကျလာပါလိမ့်မယ်။administrator ကို ချိန်းချင်တာဆိုတော့ administrator ကို click ပေးပါ။အောက်က reset စကားဝှက် ကို clickလိုက်။အဲဒီမှာ ချိန်းဖို့ နောက်ထပ် box ကျလာပါလိမ့်မယ်။ new စကားဝှက် and confirm စကားဝှက် ပါ။ပြီးရင် ok ပေးလိုက်ပါ။
(၄)ကဲadministrator ကို ကိုယ်ချိန်းခဲ့တဲ့အတိုင်းဝင်လိုက်ပါ။အားလုံok သွားလိမ့်မယ်။အခြား စကားဝှက် တွေကိုလဲချိန်းလို့ ရနိုင်ပါတယ်။စမ်းလုပ်ကြည့်ပါ။
(၅)အားလုံးပြီးပါပြီ။

MS 2007 Shortcut Keys


ကျွန်တော်ဒီနေ့တော့ Microsoft work 2007 အတွက် Short cut ကလေးတွေ အသုံးပြုနည်းလေးကို တင်ပြချင်ပါတယ်။ ကျွန်တော် တင်ပြလိုက်တာကလဲ ကျွန်တော် အရေးကြီးတဲ့ စာလေးတစ်ချို့သုံးရင် ဒီ Key တွေကို တင်ပြပေးလိုက်တာပါ။ ကျွန်တော်တို့ ပုံမှန်အတိုင်း Microsoft work ကို သုံးနေရင်းကနေ Mouse မသုံးရဘဲ အလွယ်အသုံးပြုလို့ ရမည်ဖြစ်ပါတယ်။ ကျွန်တော်တို့ “ALT” Key ကိုနိုပ်လိုက်တာနဲ့ Key တွေကို တွေ့မြင်နိုင်ပါတယ်။ Key တွေကို မှတ်မိစရာမလိုပါဘူး။ Alt လေးဘဲ နိုပ်လိုက်တာနဲ့ အောက်ပါ အတိုင်းတွေ့ရမှာပါ။ အောက်က ဥပမာ Key တွေနဲ့ အရင် စမ်းသပ်ကြည့်လိုက်ပါ။ (မှတ်ချက်။ ။ Alt နိုပ်ပြီရင်တော့ ဖော်ပြထားတဲ့ Key လေးဘဲ နိုပ်လိုက်ရုံးပါ။ ဥပမာ--- 1 လိုပြရင် 1 လေးနိုပ်လိုက်တာနဲ့ Save Box ကျလာပါမည်။)

Alt-F = Office Button
Alt-1 = Save
Alt-2 = Undo
Alt-3 = Redo
Alt-H = Home
Alt-N = Insert tab
Alt-P = Page Layout tab
Alt-S = References tab
Alt-M = Mailings tab
Alt-R =Review tab
Alt-V =View tab
Alt-L = Developer tab

နောက်တစ်ချက်ကတော့ မိမိတို့ Main Menu ကိုသတိထားမိမှာပါ။ ဥပမာ Insert ကို သွားချင်တယ်ဆိုပါဆို ALT+ N ကိုနိုပ်လိုက်ပေါ့။ မသိလဲ Alt နိုပ်လိုက်ရင် Insert ပေါ်မှာ N ကိုတွေ့ရမှာပါ။
ဥပမာ
V = to set cover page
NP = insert new blank page
B = Page break
T = Insert table
P = Insert picture
F= Insert Clip Art
SH = Insert shapes
C = Chart

Window မတက်ခင် password တစ်ခုထပ်ပြီးထည့်ချင်ရင်..

ပထမဆုံး
Run >>>>syskey ကိုရိုက်ထည့်ပါ။box ကျလာရင် update ကိုရွေးပါ
ပြီးရင် password startup ကိုရွေးပါ ၄င်းနောက်password ရိုက်ထည့်ပြီး confirm password ကိုပါ ရိုက်ပြီး ok ပေးလိုက်ပါ။
ဒါဆိုရင်ကျွန်တော်တို့ window password မလာခင်ဒီပေးထားတဲ့ password box ကအရင်လာမှာဖြစ်ပါတယ်...
password ကို နှစ်ဆင့်ကာကွယ်လို့ရတာပေါ့ဗျာ..ပိုစိတ်ချရတော့ပေါ့

သိထားသင့်သော extension file type များ

Extension Type Characteristics

.aam media file MacroMedia Shockwave

.arc archive file Open with PKZip or WinZip
(obsolete)

.asp web page active server page - used to code Webpages that connect to databases

.au audio Sound file - open with player - used on older Web pages

.avi video clip Audio/Video Interleaved - movie clip -open with mplayer, IE, or Navigator with plugin

.bak backup file Used by many applications - often created automatically

.bat application DOS batch file - run by double-clicking in Win95 - edit with Notepad

.bmp graphic file Microsoft bitmap - open in MS Paint or graphics program

.cab archive Microsoft installation achive (cabinet file) - similar to .zip archive

.cfg Configuration file

.cgi - Common Gateway Interface - used to exchange information with a server (often used with Perl)

.chk - Data recovered after running Checkdisk

.css style sheet plain text file containing web page style preferences

.csv data Comma Separated Value file - a way of presenting tabular data in a text file - usually viewed in MS Excel.

.dat data file Used by several applications. Not to be opened directly.

.dcr media file Macromedia Shockwave movie

.dir media file Macromedia Director file - provides animation and interactivity

.dll dynamic Software used by Windows to provide services to applications
link library

.doc document Microsoft Word file

.dot template Microsoft Word template

.drv device driver Used to control hardware - (old)

.dtd text document type definition

.exe application self-extracting or executable file - run by double-clicking in Win95

.faq data file Frequently Asked Questions - almost always a text file

.fla media Macromedia Flash animation file - requires Shockwave

.fnt - Font file

.gif image graphic in GIF format - open in web browser or graphics program

.gz application compressed archive file created by Gzip in the UNIX operating system

.hqx archive Compressed Macintosh file archive created by Binhex

.htm text file hypertext document [same as .html] - open in a web browser - edit in any word-processor or text editor

.ico Windows icon Open with an icon editor

.ini - Initialisation file

.jar Java Java compressed archive file

.jav Java cross platform programming language used to create complex interactive forms and special effects

.jpg image Graphic in JPEG format (Joint Photographic Experts Group) View with web browser or image editing program

.js JavaScript part of Web page used to create interactive effects such as mouse roll-overs and pop-up boxes

.jso - Java server page

.kbd data file Keyboard layout data

.log data file Created by many applications - usually a text file - edit in any text editor

.mid audio audio file in MIDI format

.mov video QuickTime movie - view using IE or Netscape using plug-in

.mp3 audio Audio file in MP3 format - CD-quality sound, with 10x compression

.mpg movie Video movie in MPEG format (Motion Picture Experts Group)

.old - Backup file (generic)

.pdf application Portable Document Format - requires Adobe Acrobat reader

.pl application Perl source file - text file, editable in any text editor

.png image graphic in Portable Network Graphics format - can work on all platforms

.ppt application Microsoft PowerPoint file - used for creating slides and overhead presentations

.pub - Microsoft Publisher page template file

.ram audio Real Audio file - open in browser with RealAudio plug-in

.rtf application Rich Text Format - word-processor file with formatting codes

.scr screen saver

.sea application Self-extracting archive - Apple-Mac - requires Stuffit

.sig signature Appended to outgoing email messages - editable in text editor

.swf media Macromedia Shockwave Flash animation movie

.sys - DOS system file - device driver or hardware configuration info

.tar application file archive created in the Unix operating system

.tar.gz application .tar archive compressed by Gzip

.tif image Tagged Image File format - graphic file - editable in graphics program

.tmp temporary file - used by many programs

.ttf True Type Font file - view with fontview

.txt text contains only ASCII code - also called 'text file' - editable in any text editor

.wav audio Sound file in Waveform format

.wsz graphics Winamp skin - visual interface for audio control board

.xls application Microsoft Excel worksheet file

.xml Web page extensible markup language - a plain text file for web pages

.zip application compressed file - open with WinZip or PKZip

USB Drive တစ်ခုခုကို ဖြုတ်တဲ့အခါ Ejecting Problem ဖြစ်နေရင် ဘယ်လိုဖြုတ်မလဲ။

ကွန်ပြူတာအသုံးပြုသူအားလုံး ရင်ဆိုင်ရဖူးတဲ့ ပြဿနာတွေထဲက တစ်ခုပါ။ USB Drive ကို Safely Remove Hardware Icon လေး နှိပ်ပြီး ဖြုတ်ပေမယ့် The Device ‘Generic Volume’ cannot be stopped right now. Try stopping the device again later. ဆိုတဲ့ Ejecting Problem message box တက်လာတတ်ပါတယ်။

အဲဒီလိုဖြစ်လာရင် USB Drive ထဲက Program တွေ၊ File တွေ Floder တွေ ဖွင့်ထားသလား Task Bar နဲ့ System Tray မှာ စစ်ကြည့်ပါ။ ဖွင့်ထားရင် ဖွင့်ထားတာတွေ အားလုံးကို ပြန်ပိတ်ပြီး USB Drive ကို ဖြုတ်ကြည့်ပါ။ ပြဿနာ တက်နေသေးရင် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ၃ခုရှိပါတယ်။
ပထမနည်းလမ်းကတော့ Task Manager ကိုဖွင့်ပြီး ဖြေရှင်းပါမယ်။ Ctrl+Alt+Delete ကို နှိပ်ပါ။ Windows Vista မှာတော့ Start Task Manager ကို နှိပ်ပါ။ Processes Tab ကို နှိပ်ပါ။ Processes List ထဲမှာ USB Drive ကလို့ထင်ရတဲ့ Process တစ်ခုခုကို ရွေးချယ်ပါ။ End Process Tab ကို နှိပ်ပါ။ ပြီးရင် Safely Remove Hardware Icon ကို နှိပ်ပြီး ဖြုတ်ကြည့် ပါ။
အဲဒီလုပ်လို့မှမရရင် ခုနက Process ကို Right click နှိပ်ပြီး End Process Tree ကို နှိပ်ပါ။ USB Drive ကို ဖြုတ်ကြည့်ပါ။
ဒုတိယနည်းလမ်းကတော့ ကွန်ပြူတာကို Shut Down လုပ်ပြီး USB Drive ကို Remove လုပ်တဲ့နည်းပါပဲ။ ဒါပေမယ့် ဒီနည်းကတော့ Computer ကို Reboot လုပ်ရမှာမို့ အချိန်ကုန်ပါတယ်။
တကယ်လို့ အခု ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုလို့မှ မအောင်မြင်ခဲ့ရင် နောက်နည်းလမ်းတစ်ခုကို သုံးပါမယ်။ USB Safely Remove Program ကို http://usbsafelyremove.com/download.htm မှာ Download လုပ်ပြီး Install လုပ်ပါ။ အဲဒီ Program ဟာ System Tray ထဲက Safely Remove Hardware နေရာမှာ Icon တစ်ခုနေနဲ့ ပေါ်နေမှာ ဖြစ်ပါတယ်။ ဒီ Program ကို သုံးပြီး ဘယ် Process တွေကြောင့် ဒီ ပြဿနာ ဖြစ်ရသလဲ ဆိုတာ သိနိုင်ပြီး ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
USB Drive တွေကို စနစ်တကျ ဖြုတ်လို့ရမယ့် တခြားနည်းလမ်းတွေ ရှိပါသေးတယ်။ USB တွေကို နာမည် ပြောင်းပေးထားမယ်။ အဲဒီ Drive တစ်ခုစီကို ရပ်ဖို့ Hot-key တစ်ခုစီ Set လုပ်ပြီး Auto Run Option လေးတွေ လုပ်ထားပါမယ်။ တကယ်လို့ Program တွေ အလိုလျောက် မ Run စေချင်ရင် Run on Windows Startup Option ကို 0ff ထားပြီး၊ USB Safely Remove ကို လိုအပ်တဲ့ အချိန်မှာပဲ ဖွင့်ပြီး အသုံးပြုပါမယ်။