Destop Computer တွင် Secondary IDE Hard Drive တပ်ဆင်ခြင်းကို အဆင့်လိုက် လမ်းညွှန်ပေးထားပြီး PhysicalInstall ပြုလုပ်ခြင်းနှင့် Computer System မှ Secondary IDE Hard Drive ကို သိရှိစေရန်နှင့် Motherboard မှတပ်ဆင်ချိတ်ဆက်ပြုလုပ်နိုင်ရန် BIOS အတွင်းသို့ Parameter များ ပြင်ဆင်ပြောင်းလဲခြင်းကို ပြုလုပ်ပေးရမည် ဖြစ်ပါသည်။၁. Power ပိတ်ပြီး တပ်ဆင်မှုပြုလုပ်ခြင်း မည်သည် computer system တွင်မဆို ကွန်ပျူတာ၏ အတွင်းပိုင်းရှိ အစိတ်အပိုင်းများကို ပြုပြင်ခြင်း၊ လဲလှယ်ခြင်း၊တပ်ဆင်ခြင်း လုပ်ငန်းများ မပြုလုပ်မီ အချိန်တွင် computer system ကို shutdown ပြုလုပ်ပြီး power ကို ပိတ်ပေးရမည်ဖြစ်သည်။ သို့မှသာ အတွင်းဘက်ရှိ အစိတ်အပိုင်းများအား လဲလှယ်တပ်ဆင်ခြင်းကို သေချာစွာပြုလုပ်ပေးနိုင်မည်ဖြစ်သည်။System ကို shutdown လုပ်ပြီး power ပိတ်ပြီးပါက power supply အနောက်ဘက်ရှိ AC power ကြိုကို ဖြုတ်ပေးပါ။
၂. Computer Case ဖွင့်ခြင်း Computer Case ဖွင့်သည့်အခါ Computer Case ပုံစံကို အရင်ဆုံး စစ်ဆေးပြီးမှ ဖွင့်ပါ။
၃. လက်ရှိအသုံးပြုနေသည့် Hard drive ၏ cable ကြိုးများ ဖြုတ်ပေးခြင်း ယခု အဆင့်တွင် Secondary Hard Drive ကို computer system သို့ လွယ်ကူစွာထည့်သွင်းပေးနိုင်ရန် လက်ရှိ Primary Hard Drive မှ power cable ကြိုးများနှင့် IDE cable ကြိုးများကို ဖြုတ်ပေးရန် လိုအပ်မည် ဖြစ်သည်။
၎. Drive Mode Jumper သတ်မှတ်ခြင်း Hard Drive ကို Master Drive နှင့် Slave drive သတ်မှတ်ပေးနိုင်ရန် Jumper ပြုလုပ်ပေးရမည်ဖြစ်သည်။ လက်ရှိအသုံးပြုနေသည့် Primary Hard drive ကို Master drive သတ်မှတ်ပြီး နောက်ထပ် ပေါင်းထည့်မည့် Secondary Hard Drive ကိုSlave drive သတ်မှတ်ပါ။
၅. Computer case အတွင်းသို့ Hard drive ထည့်သွင်းတပ်ဆင်ပါ။
၆ .IDE Hard Drive Cable တပ်ဆင်ခြင်း မူလ Primary Hard Drive နှင့် Secondary Hard Drive နှစ်မျိုးလုံးရှိ RIbbon cable များမှ IDE cable များကို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ Motherboard မှ connector cable မှာ တခါတရံတွင် black (အနက်ရောင်) ကို အသုံးပြုထားပြီး မူလ Primary Hard Drive တွင် တပ်ဆင်ပေးရမည်ဖြစ်သည်။ Cable အများစုတွင် drive connector ရှိ ဦးတည်ရာ(direction) သတ်မှတ်ရန် key များ ပါရှိမည်ဖြစ်သည်။ တကယ်လို့ key သတ်မှတ်ပေးထားခြင်းမရှိပါက IDE cable တွင် အနီလိုင်းစင်းများဖြင့် သတ်မှတ်ပေးထားပြီး drive ၏ pin 1 ကို ဦးတည်သတ်မှတ်ပေးထားခြင်းဖြစ်သည်။ Power connector များကို drive တွင်တပ်ဆင်ပေးသည့်အခါ ကွန်ပျူတာအတွင်းရှိ ဘယ်ဘက်မှ တပ်ဆင်ပေးနိုင်မည်ဖြစ်သည်။ Hard Driveတစ်ခုစီအတွက် power connector တပ်ဆင်ပေးရန် 4 pin Molex ရှိရမည်ဖြစ်သည်။Power supply တစ်ခုကို free ပေးထားပြီးကျန်ရှိသည့် power supply တစ်ခုကို Primary Hard Drive တွင်တပ်ဆင်ပေးရမည်ဖြစ်သည်။
၇. Computer system မှ New Hard Drive ကို သိရှိစေရန်သတ်မှတ်ပေးခြင်း Hard drive ထည့်သွင်း တပ်ဆင်ပြီးပါက computer case အနောက်ဘက်ရှိ AC power ကြိုး (cord) ကို ပြန်တပ်ဆင်ပေးပြီး computer systemကို ပြန်ဖွင့်ပါ။ နောက်ထပ်ထည့်သွင်းပေးသည့် Secondary Hard Drive ကို computer system နှင့် motherboard မှ သိရှိပြီး အလုပ်လုပ်ပေးနိုင်ရန် BIOS အတွင်းသို့ လိုအပ်သည့် parameters များကို ပြောင်းလဲသတ်မှတ်ပေးရမည် ဖြစ်သည်။ OS နှင့် အသုံးပြုရနိုင်စေရန် drive ကို အသုံးမပြုမီအချိန်တွင် format ချပေးရန်လိုအပ်ပါသည်။
No comments:
Post a Comment