၁. နံပါတ် ၁ သတိထားရမှာကတော့ ကြွက်ဖြစ်ပါတယ်။ကြွက်ဟာ ပရင်တာထဲမှာ အခင်းကြီး ၊အခင်းလေး သွားတက်ပါတယ်။
ဒီကောင်တွေရဲ့ ရှူးရှူးတွေက Circuit တွေကို ပျက်စေပါတယ်။
၂. နံပါတ် ၂ ကတော့ ပရင်တာရဲ့ function တွေကြောင်တက်တယ်။ဥပမာ Form Feed မလုပ်တာတို့ ၊Form Feedဆိုတာ
သူ့ကိုနှိပ်လိုက်ရင် စာရွက်က ဝေါဆို ပြန်ထွက်လာတယ်။ပျက်သွားလဲ ရှော့မရှိဘူး။Roller ကနေလှိမ့်ထုတ်လို့ရတယ်။
၃. Line Feed ပျက်ရင် ပျားတုတ်တယ်။ ပရင်တာက တစ်လိုင်းပြီးတစ်လိုင်းဆွဲတင်ရမယ်၊ ဆွဲမတင်ဘူး ဒီနေရာချည်းမှာဘဲ
ရိုက်နေတယ်။ စာတွေထပ်ကုန်တာပေါ့။
၎. စာလုံးတွေမှာ အစက်တွေပြည့်အောင် မပါတော့ပဲ သွားကျိုးနေသလို အပေါက်ကလေးတွေ ဖြစ်နေတယ် ။အဲဒါဆိုရင်သွားပြီ။
Head ထဲက Pin တစ်ချောင်းကျိုးသွားလို့ပဲ။
၅. သူ့ဘာသာသူတော့ ရိုက်နေတာပဲ ဒါပေမယ့် Ascii Code တွေ Ascii ဆိုတာ American Standard Code for Information
Intercharge. ဒါကတော့ Printer Driver ကြောင့်ဖြစ်ဖို့များတယ်။ Printer ကို စေညွှန်းတဲ့အချက်ကို printer က
နားမလည်းဘူး။
၆. Spooler ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး Printer ထုတ်မရတာ။
ဘာကြောင့်ဒီလိုဖြစ်ရတာလဲ
၁. Form Feed ကတော့ စာရွက်တိုင်းကို Feed လုပ်ရတာကြောင့် အပျက်မြန်တာဖြစ်ပါတယ်။ Line Feed လဲ ဒီအတိုင်းပါပဲ။
၂. Head Pin တွေကျိုးတာကတော့ Ribbon ဟာ မှင်ခံကြိုးကို မှင်ရည်စိမ်ပြီးတော့သုံးတာကြောင့် Ribbon ဆွေးပြီး ပိတ်စမျှင်
တွေဟာ Head ရဲ့ Pin မှာငြိပြီး Pin ကျိုးသွားတာဖြစ်ပါတယ်။ Printer Head ရဲ့ တန်းဖိုးဟာ Printer တစ်လုံးနီးပါးစာရှိလို့
Ribbon ဝယ်ဖို့ကို ပိုက်ဆံမကပ်ပါနဲ့။
၃. ကြွက်ကြောင့် ပျက်ရင်လည်း ပျားတုပ်ပါတယ်။လဲလို့ရသည့်တိုင်အောင် ငွေကုန် ၊အချိန်ကုန်ပါမယ်။
၎. Spoolြေုကာင့် printer မထွက်ခြင်းဟာ Virus ကြောင့်လဲ ဖြစ်တတ်ပါတယ်။
ဘယ်လိုကုစားမလဲ
၁. ပရင်တာကို ကြွက်မဝင်အောင် ရုံးပြန်ရင် ပရင်တာပေါ်က Cover တွေကို ပြန်ပိတ်ခဲ့ပါ။ ကွန်ပျုတာနားမှာ မုန့်စားခြင်းကို
ရှောင်ပါ။
၂. ပရင်တာထဲက အစိတ်အပိုင်းတွေဟာပျက်ရင် လဲရဖို့များပါတယ်။ Authorized Dealer ဆိုင်တွေမှာတောင် ရှာရခက်တာမို့
မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပါ။ပုံမှန်ဆို မပျက်ပါ ၊အထစ်ထစ် အငေါ့ငေါ့ဖြစ်ရုံကတော့ ပရင်တာကို Clear လုပ်၊
Servicing လုပ်ရုံဖြင့်ကောင်းပါတယ်။သူ့ထဲက အစိတ်အပိုင်းတွေက ပျက်ဖို့ ခဲယဉ်းပါတယ်။
Printer ကို စမ်းသပ်နည်း
၁. Windows ထဲက Printer ကနေ Test page ထုတ်ပြီး Printer ထွက် မထွက်ကို စမ်းသပ်လို့ ရပါတယ်။ဒါလူတိုင်းလိုလို
သိပါတယ်။ ကျွန်တော် ပြောချင်တာ အဲ့ဒါမဟုတ်သေးပါဘူး။ Printer ကို Test page ထုတ်လိုက်လို့ Printer မထွက်ခဲ့ရင်
ဘယ်သူ့ကြောင့် printer မထွက်သလဲ သဲကွဲစွာသိရဖို့ လုပ်ဆောင်ချက်တွေရှိပါတယ်။ printer မထွက်ရခြင်းက -
၁. Printer ကြောင့်လား
၂. Printer Cable ကြောင့်လား
၃. Printer Driver ကြောင့်လား
ကောင်းပြီ ပထမဆုံးစလုပ်ရမှာက
သင့် ပရင်တာဟာ USB နှင့် ချိတ်ဆက်ထားတာဆို ရှော့မရှိပါဘူး။USB က Plug and Play ကို တကယ်လို့များ Parallel Port
နှင့်ချိန်ထားတဲ့ ပရင်တာဆို ကွန်ပျုတာကို shut down လုပ်ပြီး power ပိတ်ပါ။ ပရင်တာကို လဲ power ပိတ်ပါ။ပြီးရင်းprinter
power ကိုလည်းဖွင့်ပါ။ ပြီးမှ ကွန်ပျူတာ power ကို ဖွင့်ပါ။ ကွန်ပျူတာဟာ Windows ကို Loading စလုပ်တဲ့အချိန်ဟာ Print
Head ဟာ ဂျစ်ဂျစ်ဆိုပြီး အနည်းငယ်လှုပ်ရှားသွားမှာဖြစ်ပါတယ်။ဒါဆို ပထမအဆင့် အောင်မြင်ပြီဖြစ်ပါတယ်။ ဆိုလိုတာက
Connection ရနေပြီ အသိအမှတ်ပြုနေပြီ ဖြစ်ပါတယ်။ ဒါဆို ပရင့် ထွက်ဖို့ နီးစပ်ပါပြီ။ အဲ့ဒါမှမထွက်ရင် Virus ကြောင့်သာ
ဖြစ်မယ်၊မဟုတ်ရင်တော့ Printer Driver ကို ပြန်တင်ပေးရမှာဖြစ်ပါတယ်။
Printer ကြီးပဲ စမ်းသပ်နည်း
၁. ပရင်တာကြီးပဲ ကွန်ပျူတာနှင့်လုံးဝ Join မထာားပဲ စမ်းသပ်လို့ရပါတယ်။ Printer ကို ဖွင့် စာရွက်ကို Feed လုပ်ပါ။ ရိုက်ဖို့
အသင့်အနေအထားမှာ ရှိနေပြီး အဲ့ဒီအချိန်မှာ Printer ကို Power ပိတ်လိုက်ပါ။
၂. ပြီးရင် Printer မှာရှိတဲ့ Form Feed ခလုတ်ကို ဖိထားပြီးမှ Printer ကို Power ဖွင့်၊ အဲဒီအခါကျ စာရွက်က Printer ထဲကနေ
ဝေါဆိုပြီး ပြန်ထွက်ရင်ထွက်သွားလိမ့်မယ်။နောက်တစ်ခါပြန်ထည့်ပေးလိုက်ပါ။ပြီးရင်စတင်ပြီးရိုက်ပါပြီ Ascii Code တွေ
ရိုက်လိမ့်မယ်။ ABCD ပေါ့ဗျာ။ အဲ့သလိုရိုက်ပြီဆို Printer ဟာကောင်းနေပြီ Printer မပျက်ဘူး။Print မထွက်တာ Printer နဲ့
မဆိုင်တော့ဘူး
DOS Command Prompt နဲ့ စမ်းကြည့်မယ်
၁. ဒီအကြောင်းကတော့ Parallel Point ကို အသုံးပြုတဲ့ Printer တွေမှာသာ စမ်းလို့ရပါတယ်။
၂. Printer ကို computer နှင့် ပုံမှန်အတိုင်းချိတ်ထားပါ။ ပြီးရင် DOS Command Prompt ကိုသွားပါ။
၃. dir>prn သို့မဟုတ် dir>lpt1 လို့ရှိပါတယ်။ Enter ရိုက်ပါ။ ဒါဆို Dir ဆိုပြီး Screen မှာပြမယ်။ File Listing ဟာ Screen မှာ
မပြပဲ Printer မှာထွက်လာမှာဖြစ်ပါတယ်။
(Zaw Lin - PC Mechanic မှ ကိုးကားဖြန့်ဝေးခြင်းဖြစ်ပါသည်)
No comments:
Post a Comment