Wednesday, June 2, 2010

Copy To Move To Function

အလုပ်လုပ်ရပိုမြန်အောင် Copy To Move To Function ထည့်သုံးကြည့်ရအောင်

ကဲ Registry ပြဿနာလေးတွေ သိချင်သူ အတွက် အထောက်ကူဖြစ်ပါတယ်။ Registry အကြောင်း ဘာသာပြန် စာအုပ်ဆိုတာ တကယ်တော့ မရေးနိုင်သေးပါဘူး English လို စာအုပ်ကို မိမိဘာသာ လေ့လာမှ ရမှာပါ….. Registry ဆိုတာကလည်း တကယ်ကျယ်တာပါ… လေ့လာလို့မကုန်ပါဘူး…. အတိုချုံ့လေးတွေ ကိုတော့ ဘာသာပြန်ပေးလို့ ရနိုင်တာ လေးတွေပဲ တင်ပေး လိုက်ပါတယ်… သူများစာအုပ်တွေက ကိုးကားထားတာ လေးတွေလဲ ပါတာပေါ့…

ကွန်ပျူတာ စသုံးသူတွေ ကြိုက်မဲ့ function လေးပါ move to / copy to ဆိုတာလေးတွေလေ။ မသိသေးရင်တော့ စမ်းကြည့်ဗျာ။ copy to ကတော့ ကို select လုပ်ထားတဲ့ folder/file ကို ထပ်ပွားချင်တဲ့ နေရာမှာ ထားပေးနိုင်သလို၊ move to ကလည်း ရွှေ့ပေးနိုင်တယ်ဗျ။ copy/cut လုပ်ပြီး folder ရွေး paste လုပ်တာထက်တော့ ပိုမြန်တာ အမှန်ပဲ။ အဲဒါတွေက menu bar မှာ ရှိတာလေ။ Desktop မှာ ရှိတဲ့ ဖိုင်ဆိုရင်တော့ ချက်ချင်းလုပ်လို့ မရဘူးပေါ့။ (run မှာ desktop လို့ရိုက်ထည့်ပြီး window တစ်ခုအနေနဲ့ ဖွင့်ပေးမယ်ဆိုရင်တော့ သုံးလို့ရပါတယ်) စမ်းကြည့်ဗျာ။ ကြိုက်တယ် သုံးလို့ အဆင်ပြေမယ်ဆိုရင် အဲဒါကို Right-Click လုပ်တာနဲ့ ပေါ်လာမယ့် menu မှာ ထည့်လိုက်မယ်။ ပိုအဆင်ပြေမလား ? ။ စလုပ်ကြည့်ရအောင်ဗျာ ။ လွယ်ပါတယ် .....
start - Run မှာ regedit လို့ ရိုက်ထည့်ပြီး Registry Editor ကို ၀င်ပါတယ်။ ပြီးရင် အောက်က D-tree အတိုင်း ContextMenuHandlers ကို ရှာပါ။


HKEY_CLASSES_ROOT\AllFilesystemObjects\ shellex\ContextMenuHandlers


ContextMenuHandlers ဆိုတဲ့ item ကို R-Click လုပ်ပြီး New - Key ကို နှိပ်ပါတယ်။ Copy to လို့ နာမည် ပေးလိုက်ပါတယ်။

Copy to ကို နှိပ်ပြီး ညာဘက်က (Default) ဆိုတာကို Double-click နှိပ်ပြီး တန်ဖိုးကို အောက်က code လေး ကူးထည့်ပေးလိုက်ပါ။

{C2FBB630-2971-11D1-A18C-00C04FD75D13}

နောက်ပြီးရင် move to ကိုလည်း အဲဒီ အတိုင်းပဲ ထည့်ရမှာ ဖြစ်ပါတယ်။ ContextMenuHandlers ဆိုတဲ့ item ကို R-Click လုပ်ပြီး New - Key ကို နှိပ်ပါတယ်။ Move to လို့ နာမည်ပေးလိုက်ပါတယ်။ Move to ရဲ့ (Default) value ကို လည်း D-Click နှိပ်ပြီး အောက်ပါ code လေးကူးထည့်ပေးလိုက်ပါ။

ပြီးပါပြီ။ Registry Editor ကို ပိတ်ပြီး ဖိုင်တစ်ဖိုင်ကို R-Click လုပ်ကြည့်လိုက်ပါ။ အောက်ပါအတိုင်း Copy to နဲ့ move to ပေါ်နေပြီဖြစ်ပါတယ်

No comments:

Post a Comment