ထို့ကြောင့်ပီစီအတွင်း၊ အပြင်နေရာအနှံ့ သန့်ရှင်းရေး လုပ်ကြမယ်။
၁) ကွန်ပျူတာကို သန့်ရှင်းရေး အလုပ်မီ ဘေးက စားပွဲပေါ်က အမှိုက်များနဲ့ မလိုတဲ့ ပစ္စည်းများကို ဖယ်ထုတ်ပါ။ ကီးဘုတ်ကိုဖြုတ်ပြီး ခပ်ဝေးဝေးနေရာမှာ ဖုန်ခါပါ။ ၀ါဂွမ်းကို သုံးပြီး ဂျီးများကို ပွတ်တိုက်ပါ။ လေမှုတ်နိုင်တဲ့ ရာဘာဘောလုံး သို့မဟုတ် လေမှုတ်ဘူးကိုသုံးပြီး ကီးခလုတ်များအကြား ဖုန်များကို ရှင်းထုတ်ပါ။
၂) ပီစီကိုဆက်သွယ်ထားတဲ့ ပါဝါကြိုးနဲ့ အခြားကေဘယ်ကြိုး အားလုံးကိုဖြုတ်ပါ။ ပုံးခွံကို သန့်ရှင်းရေးလုပ်မယ့် နေရာလွတ်သို့ ယူသွားပြီး အဖုံးကိုဖွင့်ပါ။ လေမှုတ်စက်အငယ်စားတစ်လုံးနဲ့ Brush တစ်ခုတော့ ဆောင်ထားရပါမယ်။ ဟာဒ်ဝဲပစ္စည်းများကို မဖြုတ်ရဲရင် ကွန်ပျူတာပုံးကို ထောင်ထားပြီး လေမှုတ်ပါ။ ဖုန်များကို Brush နဲ့ လှည်းထုတ်လိုက်ပါ။
၃) ပုံးအတွင်း သန့်ရှင်းရေးလုပ်ပြီးရင် အဖုံးကို စနစ်တကျ ပြန်ပိတ်ပြီး သက်ဆိုင်ရာ ကြိုးများကို ပြန်တပ်ပါ။ ပီစီထားမယ့်စားပွဲကို သန့်ရှင်းရေးလုပ်ပြီး ပုံးကို လေ၀င်လေထွက်ရှိတဲ့ နေရာမှာတင်ပါ။ Power Supply ကပန်ကာသည် လေကို လွတ်လပ်စွာ ထုတ်နိုင်အောင် နေရာချထားပါ။ ပုံးပေါ် ပုံးဘေးမှာ စာအုပ်တွေ၊ အခြားပစ္စည်းတွေ ထားထားတာမျိုး မလုပ်စေလိုပါ။
၎) ကွန်ပျူတာမှာ တပ်ထားတဲ့ ကေဘယ်ကြိုးတွေ စုစည်းလိုက်ပြီး Tape သို့မဟုတ် ကွိုင်ကြိုးနဲ့ ချည်ထားပါ။ ပီစီအတွင်းရှိ ကြိုးများကိုလည်း စုစည်းချည်ပါ။ ကြိုးတွေရဲ့ နေရာယူုမှု နည်းသွားခြင်းဖြင့် သင့်ပီစီအတွင်း လေ၀င်လေထွက် ပိုကောင်းလာပါမယ်။ ပီစီမှာ USB Port နဲ့ချိတ်ဆက်တဲ့ Device တွေအသုံးများတယ်ဆိုရင် USB Hub ကိုသုံးပါ။
၅) ယခု Digital အမှိုက်သရိုက်များကို ရှင်းဖို့ရာ အသင့်ဖြစ်ပါပြီ။ အထူးသဖြင့် Starup မှာအရေးမပါတဲ့ Program များကို ဦးစားပေးမထားဖို့ပါ။ My Computer ကိုဖွင့်ပြီး Drive C: မှ Documents and Settings ကိုထပ်ဖွင့်ပါ။ ကွန်ပျူတာ သုံးနေသူ၏ အမည်ပါ Folder ကိုဖွင့်ရပါမယ်။ ၎င်းမှ Star Menu မှ Folder၊ Program Folder တို့ကို အဆင့်ဆင့်ဖွင့်ပါ။ အထဲရှိ Startup Folder ကိုရွေးချယ်ဖွင့်ပြီး မလိုအပ်သော Program Shortcut များကို Delete လုပ်ဖျက်ပါ။
၆) Start Menu ကို သင့်စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ Start/Control Panel ကိုဖွင့်ပြီး Taskbar and Start Menu ကို ဖွင့်ပါ။ Start Menu Tag မှ Customize ခလုပ်ကိုနှိပ်ပါ။ Customize Start Menu (Box) မှာ Icon များကို ကြီးကြီးပြချင်လား၊ သေးသေးပြချင်လား ရွေးချယ်နိုင်ပါတယ်။ Start Menu မှာ Program ဘယ်နှခု ပြချင်သလဲ ရွေးနိုင်ပါတယ်။ မလိုအပ်ရင် Clear List လုပ်နိုင်ပါတယ်။
၇) မသုံးတော့တဲ့ Application များကို Uninstall လုပ်ပါ။ ၎င်းအတွက် Control Panel က Add or Remove Program ကိုသုံးပြီး စနစ်တကျ ဖျက်ပါ။ သို့မဟုတ် Uninstaller Software ကိုလည်းသုံးနိုင်ပါတယ်။ Add/Remove Windows Components ကိုဖွင့်ပြီး မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။
၈) သင့်အနေနဲ့ အလုပ်မလုပ်တဲ့ Application တွေ မလိုအပ်တဲ့ Software များကို Update လုပ်ခြင်းမှ ပိတ်ထားပါ။ ကိုယ်က မသုံးတော့ပေမယ့် နောက်ခံမှာ အလုပ်လုပ်နေတဲ့ Program တွေရှိနေပါတယ်။ Control Panel သို့ဝင်ပြီး Scheduled Task ကိုဖွင့်ပါ။ အဲဒီမှာ ဘယ်လိုလုပ်ငန်းစဉ်တွေ အလုပ်လုပ်နေတယ်ဆိုတာ ပြပေးနေပါတယ်။ မလိုအပ်တဲ့ Task တစ်ခုခုကို Mouse Right Click နှိပ်ပြီး Delete လုပ်ဖျက်လိုက်ပါ။
၉) Desktop ပေါ်က မလိုအပ်တဲ့ Icon တွေကိုရှင်းဖို့ Desktop နေရာလွတ်တစ်နေရာမှာ Mouse Right Click နှိပ်ပြီး Arrange Icon by ကိုရွေးချယ်ပါ။ ပြီးရင် Run Desktop Cleanup Wizard ကိုရွေးချယ်ပါ။ မသုံးတော့တဲ့ Icon တွေကိုစုည်းပြီး Folder တစ်ခုတည်ဆောက်ကာ သိမ်းပေးပါလိမ့်မယ်။ Unused Desktop လို့အမည်ပေးထားပါတယ်။ အဲဒီ Folder ကိုသင်သိမ်းချင်တဲ့ နေရာသို့ ရွှေ့သိမ်းလိုက်ပါ။
၁၀) CloneRemover (www.moleskinsoff.com) Software၊ Glary Utilities (www.glaryutilities.com) ကိုသုံးပြီး ဆင်တူ File တွေ၊ Folder တွေကိုဖယ်ထုတ်ပါ။ My Music ၊ My Pictures ၊ My Documents.. စတဲ့ Folder တွေထဲမှာ မလိုအပ်တဲ့ ဖိုင်၊ ဆင်တူဖိုင်တွေ ရှိနေပါလိမ့်မယ်။ အထူးသဖြင့် သီချင်းတွေကို Album သို့မဟုတ် Artist Name အလိုက်ခွဲပြီး ထားတတ်လို့ ဆင်တူဖိုင်တွေ ရှိနေနိုင်ပါတယ်။
၁၁) Magix Photo Manager 8.0 ကို Download ချရယူပါ။ ဓါတ်ပုံနှင့် ပတ်သက်ပြီး လုပ်ဆောင်ချက်တွေ ပါပါတယ်။ ၎င်းသည် သင့် Digital ဓါတ်ပုံများအတွက် သုံးကြည့်ပါ။ ပုံများကို အဆင့်ခွဲပေးခြင်း၊ အမှတ်အသားပြုပေးခြင်း လုပ်ပေးနိုင်ပါတယ်။ ပုံနဲ့ ဖိုင်များကို ရှာရလွယ်ကူပြီး မြန်ဆန်ပါတယ်။ ဆိုလိုတာက ပုံများကို စနစ်တကျထားနိုင်စေအောင် ဖြစ်ပါတယ်။
၁၂) Outlook သုံးတဲ့သူဆိုရင် Inbox ကိုရှင်းရအောင်။ သင့်အီးမေးလ်တွေမှာ မလိုအပ်တဲ့ Spam Mail တွေ Adware ဖိုင်တွေ အများကြီးတွေ့ရပါမယ်။ နောက် Attachment ဖိုင်အကြီးတွေလည်း ရှိနေနိုင်ပါတယ်။ မလိုတော့တဲ့ အီးမေးလ်အဟောင်းများနဲ့ Attachment ဖိုင်တွေကို ဖျက်ပါ။ မဖျက်ချင်ရင်လည်း Attachment ဖိုင်တွေကို Hard Disk တစ်နေရာသို့ ပြောင်းပြီး သိမ်းလိုက်ပါ။
၁၃) Application များတင်ခြင်းနှင့် ဖိုင်စီခြင်းကို စနစ်တကျ ဆောင်ရွက်ပါ။ ၎င်းအတွက် Microsoft Desktop Search ကိုသုံးနိုင်ပါတယ်။ Google Desktop Search ကိုလည်း သုံးကြည့်ပါ။ အခမဲ့သုံးနိုင်ပါတယ်။ ၎င်းတို့သည် ဖိုင်ရှာတဲ့ လုပ်ငန်းစဉ်ကို လွယ်ကူစွာ ဆောင်ရွက်ပေးပါလိမ့်မယ်။ ဖိုင်တစ်ဖိုင်ကို အမြန်ရှိချင်ရင် အသုံးဝင်ပါတယ်။
၁၄) ကွန်ပျူတာအတွင်းက မလိုအပ်သောဖိုင်များကို မဖျက်ခင် Backup ကိုတော့လုပ်သင့်ပါတယ်။ အခုဆိုရင် Flash Drive များကို ယာယီသိုလှောင်စနစ်အဖြစ် သိမ်းနိုင်ပါတယ်။ အမြဲတမ်းသိမ်းချင်ရင် DVD ချပ် သို့မဟုတ် External Hard Drive ကိုလည်း သုံးနိုင်ပါတယ်။ အဲဒီလို Back Up လုပ်သိမ်းပြီးမှ ဖျက်သင့်ပါတယ်။.................................................................မှတ်ချက်ဖိုင်တွေကို မလိုအပ်လို့ ဖျက်မယ်ဆိုပေမယ့် အချို့သောဖိုင်များသည် တကယ်မလိုတာလား၊ ကွန်ပျူတာစနစ်က သုံးနေတာလားဆိုတာ မခွဲခြားတတ်တာ မကြာခဏ ကြုံရတတ်ပါတယ်။ အဲဒီအတွက် ဖိုင်အမည်ကို အင်တာနက် Search Engine မှာရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။ Website တွေအများကြီးပေါ်လာပြီး အဆိုပါ ဖိုင်အကြောင်းကို ရှင်းပြပေးပါလိမ့်မယ်။ဒါမှမဟုတ် Bit9 File Advisor ကိုလည်း သုံးနိုင်ပါတယ်။ ဆင်တူဖိုင်တွေကို ဖျက်ချင်ရင် ဘယ်လို ဆော့ဖ်ဝဲလ်မျိုး သုံးရမယ်ဆိုတာ ရေးထားပါတယ်။ဖိုင်တွေ၊ ပုံတွေကို အမည်ပြောင်းပေးတဲ့ ဆော့ဖ်ဝဲများကို ရှာပြီး သုံးပါ။ အင်တာနက် Search မှာ “Rename File” စသည် အမည်တစ်ခုခုပေးပြီး ရှာနိုင်ပါတယ်။ Apple iPhoto သည်ဆင်တူပုံများကို ရှာပြီး ဖယ်ထုတ်ပေးနိုင်ပါတယ်။ ပုံများနဲ့ ပါတ်သက်လို့ Google ရဲ့ Picasa သည် သုံးရလွယ်ပြီး လုပ်ဆာင်ချက် အတော်များများ ပါပါတယ်။ ပုံတွေကို စုစည်းပေးတာ၊ စီပေးတာကအစ Thumbnails နဲ့ဖေါ်ပြပေးတာမျိုးအထိ လုပ်ဆောင်ပေးပါတယ်။
No comments:
Post a Comment